Welcome to

Play 2 Support

" ဂိမ်းဆော့ရင်းတော်လှန် ဂိမ်းဆော့ရင်းထောက်ပို့ "
About Play 2 Support

အားလုံးပဲမင်္ဂလာပါ ကျွန်တော် Play2Support ရဲ့ဖန်တီးသူ P2S Team ရဲ့ Main Developer ပါခင်ဗျာ ဒီနေ့ကျွန်တော်ပြောစရာလေးရှိလို့ပါ။ Play2Support ကို ကျွန်တော်စတင်ဖန်တီးကတည်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုချိန်ထိုးပြီး ဘဝတူရဲဘော်တွေကို ထောက်ပို့ချင်တဲ့အတွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ထောက်ပို့ရာမှာလည်း ပြည်သူတွေစားဝတ်နေရေးခက်ခဲနေကြတဲ့အတွက် အလှူခံတဲ့နည်းထက် အိပ်မစိုက်ပဲ အချိန်ပေးရုံ ကြော်ငြာကြည့်ရုံနဲ့ ထောက်ပို့နိုင်မဲ့နည်းကိုကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တစ်ခုယူဖန်တီးခဲ့ပြီး ဂိမ်းဆော့ရင်းထောက်ပို့နိုင်တဲ့ Play2Support ဂိမ်းလေးဖြစ်ပေါ်လာပါတယ်။ ကျွန်တော်ဟာတစ်ဖက်မှာတော်လှန်ရေးရဲဘော်တစ်ယောက်လည်းဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ရန်မရှိသေးတဲ့အချိန်ခဏမှာ ကျွန်တော့်မိတ်ဆွေအချို့ရဲ့အကူအညီကိုယူပြီး Play2Support ကိုအားစိုက်ဖန်တီးခဲ့တာဖြစ်ပါတယ် အဓိကပြောချင်တဲ့အကြောင်းအရာကတော့အခုအချိန်မှာ ကျွန်တော်တာဝန်ထမ်းဆောင်ဖိုအတွက်ပြန်လည်ထွက်ခွာရပါတော့မယ်။ Team ရဲ့ Main Developer ဖြစ်တဲ့အတွက်ကျွန်တော်မရှိချိန်မှာ Play2Support ဂိမ်းကို ဂိမ်းအသစ်ထည့်ပေးတာတွေ Update ပေးတာတွေလုပ်နိုင်မှာမဟုတ်ပါဘူး Update မပေးနိုင်တာကလွဲရင် ကျန်တဲ့ကိစ္စတွေဖြစ်တဲ့ ငွေထုတ် ငွေပို့ကိစ္စတွေ ပြိုင်ပွဲကိစ္စတွေအားလုံးကို Play2Support Team ကအစီအစဥ်အတိုင်းအတိအကျဆက်လုပ်မှာဖြစ်ပါတယ် Page ကိုလည်း active ဖြစ်ဖြစ်ဆက် run သွားမှာပါ (အချုပ်ပြောရရင် game update မရှိတာကလွဲရင် ကျန်တာအကုန်ပုံမှန်ပဲဖြစ်နေမှာပါ) ကျွန်တော်မသွားခင်မှာ Play2Support player တွေကိုမှာထားခဲ့ချင်တာရှိပါတယ် Play2Support ဟာကျွန်တော်တို့အတွက်အရောင်မှိန်မှိန် သေးသေးလေးဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ "ကျွန်တော်တိုရဲ့မျှော်လင့်ချက်ကို အကိုတို့အမတို့ဆီမှာအပ်နှံထားခဲ့ပါရစေ" ကျေးဇူးပြုပြီး Play2Support ကိုများများဆော့ပေးကြပါ လူဆော့များအောင်တိုက်တွန်းပေးကြပါ ကျွန်တော်ပြန်လာခဲ့ရင်ကျွန်တော်တို့အတူ ဂိမ်းအသစ်တွေ Update တွေနဲ့ပြန်တွေ့ကြမယ် အကယ်၍ကျွန်တော်ပြန်မလာနိုင်ခဲ့ရင်လည်း. . . ဆက်ပြီးဆော့ရင်းကြည့်ရင်းတော်လှန်ရေးအတွက်သွေးမအေးပဲထောက်ပို့ပေးကြပါလို့မှာချင်ပါတယ်ခင်ဗျာ
လေးစားလျက်
P2S Team Main Developer/ Founder